Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၉)

ဘီလီယံတာသူဌေးလေးရဲ့ချစ်သူ

“ဘာစားချင်သေးလဲ”

ရွှန်းတို့စားပွဲပေါ်မှာ မုန့်တွေ ဒီလောက်အများကြီး လာချထားတာတောင် ဦးက ဘာစားဦးမလဲတဲ့

“ဟင့်အင် တော်ပီ ဦး ဒါတွေကို များနေပြီ”

“ထပ်စားချင်သေးရင် ထပ်မှာနော်”

“ဟုတ်”

မုန့်တွေကို တစ်ခုမကျန် အကုန်လုံး စားနေတဲ့ ကလေးလေးက ပါးလေးကို ဖောင်းလို့

“ဖျော်ရည်သောက်ဦး”

ဟိုတစ်ခါ ကိုလာကို တိုက်ရင်းကနေ အကျင့်တောင်ပါနေပြီ ထင်ပါရဲ့

အခုလည်း ကလေးစုတ်လေး မုန့်စားတာကို ကြည့်ပြီး ဖျော်ရည်ကို လက်နဲ့ကိုင်ပြီး အရန်သင့် တိုက်နေရပြန်ပြီ

“ဖြေးဖြေးစားလေ”

“ဟုတ်”

သူတိုက်တဲ့ဖျော်ရည်ကို အရန်သင့်လေး သောက်တဲ့သူလေးက လူကို ပြုံးပြနေတာများ အူယားအောင် လုပ်နေတာ ဒီကောင်မလေးကတော့

“ဦး ဗိုက်တင်းပီ”

ရှိသမျှ မုန့်တွေ ကုန်မှ ဗိုက်ဝပြီလို့ ပြောတဲ့သူလေးကြောင့် မဟာ တစ်ချက်ပြုံးပြီး

“အွန်း ပြန်ကြစို့လေ”

“ဟုတ်”

ဟိုတယ်မှာ မုန့်စားပြီးတာနဲ့ ဦးက အကျီဆိုင်ကို တန်းပြီး သွားတော့သည်။

“ဒီနှစ် နောက်ဆုံးထွက်တွေပြ”

“ဟုတ်ကဲ့ ဥက္ကဌ”

ဝန်ထမ်းမလေးတွေက အဝတ်တွန်းလှန်း ၅ စင်ယူလာပြီး

“ဒါတွေက ဒီနှစ် ထွက်ထားတဲ့ brand တွေရဲ့ ပစ္စည်း တွေပါ”

“ဘာကြိုက်လဲ”

ရွှန်း brand တိုတဲ့အရာတွေကို မဝယ်ဘူး မဝတ်ဖူးပေမယ့် brand အစုံကိုတော့ မိန်းကလေး ဝါသနာအရ မသိတာမရှိအောင် အကုန်လေ့လာထားတာမို့….

ဘယ် brand က ဘယ်လောက်ထိ စျေးကြီးလဲ ရွှန်း သိတာပေါ့ အခု ဦး ပြခိုင်းတဲ့ brand တွေက တစ်ထည်ကို ဆယ် ဂဏန်းလောက်ထိ ရှိတာ

“ဦး ရွှန်း ကလေ ပေါ့ပေါ့ပါးပါး အကျီဆို တော်ပါပြီ ဒါတွေကလေ အရမ်းစျေးကြီးတယ်”

မဟာ အကျီလက်အနားလေးကို ဆွဲပြီး စျေးကြီးတာမို့ ငြင်းနေတဲ့ ကောင်မလေးကို

“ဒါတွေက ကိုယ်ပိုင်တာ မင်း ကြိုက်တာ ကြည့်လို့ရတယ် ပိုက်ဆံပေးစရာမလိုဘူး”

“ဒါပေမယ့်လည်း ဦးလည်း တစ်ဖက်က ဝယ် ထားရတာလေ ရွှန်း အတွက်လေ ကာတွန်း အကျီလေးတွေ တစ်ထည် ၁သောင်းကျော်တန်ဆို ရနေပါပြီ”

ဒီကောင်မလေး နေရာမှာ အခြားတစ်ယောက်ဆို ဒီချိန် အကျီတွေ ဘယ်လောက်စိတ်ကြိုက်ရွေးနေလိုက်မလဲ ဖြူစင်လိုက်တဲ့ပေါက်စလေး

“ကိုယ် အချိန်မရှိဘူး ဒီထဲကဘဲ ရွေးတော့”

“ရွှန်း မရွေးတက်ဘူး ဦး”

ရွှန်း မရွေးတက်ဘဲ နေမလား ဒီလို brand တွေကို ဘယ်လောက် လေ့လာခဲ့လဲ ရွှန်းနဲ့ ဘယ်ဟာက ပိုလိုက်လဲ ဆိုတာလဲ သိတယ် ဒါပေမယ့် ဝယ်မယ့်ပိုက်ဆံက ရွှန်းပိုက်ဆံမဟုတ်တာကြောင့် ငြင်းရမယ်

“ဟုတ်ပီ ဒါတွေ အကုန်ထည့်ပြီး အိမ်ကို အခုချက်ချင်းပို့လိုက်”

“ဦး”

“တိတ်တော့ အိမ်ပြန်မယ်”

ဒီကောင်မလေး ခေါင်းမာလွန်းလို့ စိတ်ကြိုက်ဝတ်ဖို့ အကုန်ဘဲ ယူလိုက်တော့သည်။

~~~~~~~~~~~~

“ဘွားးး”

“မြေးလေး လာပြီ”

“ဘွားဘွား မနက်စာ စားပြီးပြီဆို”

“ဟုတ်ပရှင်”

“ဘွား သမီးတို့ မနေ့တုန်းက အဆက်လေး ခနနေ ကြည့်မလားဟင်”

“ကြည့်ကြမယ်လေ”

ရွှန်းတစ်ယောက် အဘွားနဲ့တူတူကြည့်နေတဲ့ ကိုရီးယား ခွဲစိတ်ကားကို အပိုက်ဆက် ဆက်ကြည့်ချင်ပေမယ့် အဘွားနဲ့တူတူကြည့်ရမှာမို့ အောင့်ထားပြီး

အခုတော့ အဘွားဆီရောက်ရောက်ချင်း ကြည့်ဖို့ ပြောလိုက်သည်။

“ခနနေဦး”

ဦးက ရွှန်း လက်ကို ဆွဲလိုက်ပြီး

“နေ့လည် ဘာစားချင်လဲ”

“ကိုရီးယားပဲခေါက်ဆွဲ စားချင်တယ်ဦး”

“ဟုတ်ပီ ဝယ်ခဲ့မယ် ခြေထောက်ကို အားအရမ်း မသုံးနဲ့နော်”

“ဟုတ်”

မဟာ ကားပေါ်တက်ခံနီးမှ အိမ်တော်ထိန်း ဒေါ်မြကို ခေါ်လိုက်ပြီး

“ဒေါ်မြ ဝန်ထမ်းတွေ အကုန်လုံးကို ပြောထားပါ ကလေးကို သေချာကြည့်လို့ စားချင်တာ အကုန်လုပ်ပေးလိုက် သူ့ကို သွားယူရတာမျိုး ဘာမှမလုပ်ခိုင်းပါနဲ့”

“ဟုတ်ကဲ့ သခင်လေး”

~~~~~~~~~~~

“မြေး ဒီနေ့ အကျီတွေ ဝယ်လာတယ်ဆို”

“ဟုတ်တယ်ဘွား ဦးက အများကြီးဘဲ ဝယ်လာပေးတာ စျေးတွေလည်း အရမ်းကြီးလို့ ရွှန်း မဝတ်ရဲဘူး

ပေသွားမှာ စိုးလို့”

ဘယ်လောက် ဖြူစင်ရိုးသားလွန်းတဲ့ ကလေးလေးပါလိမ့်ကွယ်

“သမီး ဦးက ဝယ်ပေးရင် ဝတ်မှ ကြိုက်တာ ခနနေ သူပြန်လာတော့မှာ အခု ရေချိုးပြီး တစ်ထည် ဝတ်ထားလိုက်မြေး”

“ဒါပေမယ့်လေ”

“အကျီတွေ ပေ သွားလည်း ဝယ်ပြီးသွားပြီ မြေးလေးအပိုင်ဖြစ်သွားပြီ သွား ရေချိုးပြီး အလှဆုံး တစ်ထည် ဝတ်ခဲ့”

“ဟုတ်ကဲ့ ဘွား အဲ့တာဆို သမီး ရေသွားချိုးလိုက်ဦးမယ်နော်”

“ဟုတ်ပါပြီရှင်”

ရွှန်းလေး ဦးဝယ်ပေးတဲ့ အကျီလေးတွေကို အကြိုက်ဆုံးတစ်ထည် စိတ်ကြိုက်ရွှေးပြီးမှ ရေချိုးတော့သည်။

~~~~~~~~~~

« ရှေ့အခန်း - အပိုင်း(၈) နောက်အခန်း - အပိုင်း(၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ