ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“မင်း ငါ့အဘွားကိုဘာလုပ်နေတာလဲ”
အနောက်ကနေ မာန်ပါတဲ့အသံနဲ့ အအော်ခံလိုက်ရတဲ့ ရွှန်းကိုယ်လေး တုန်သွားသည်။
ရွှန်းလှည့်ကြည့်လိုက်တော့ စမက်ကျကျ ဝတ်စားထားပြီး တစ်ခါမှမမြင်ခဲ့ဖူးတဲ့ ယောကျာ်းဆန်လွန်းတဲ့မျက်နှာ
ချောလည်း မတက်နိုင်ဘူး ငါ့ကို ဘလိုင်းကြီး အော်ထားတာ
“မမြင်ဖူးလား ဘာလုပ်နေတာလဲဆိုတာ”
မင်းမဟာသွေး သူ့အရှေ့ကနေ လူကောင်းသေးသေးလေးနဲ့ ပြန်စွာနေတဲ့ ကောင်မလေးကို အူယားပြီး ကိုင်ပေါက်ပြစ်ချင်စိတ်အပြည့်
“မြင်လို့ပြောနေတာလေ ငါ့အဘွားကို အနုကြမ်းစီးနေတာမလား”
“ရီရတယ် ဦးလေးကြီး အသက်ကြီးနေပြီထင်တယ် မျက်မှန်တပ်ပါဦး”
“ဘာ!!”
“ဟုတ်တယ်လေ ဒီလိုနေရာ အဲ့လိုလုပ်ရင် ဦးလေးကြီးတောင် သိလိုက်မှာမဟုတ်ဘူး အသက်ကြီးပြီး အမြင်နဲ့မဆုံးဖြတ်တက်ဘူး”
မြန်မာနိုင်ငံရော နိုင်ငံတကာကပါ လုပ်ငန်းတွေ အသက် ၁၈နှစ်ထဲက ဦးစီးပြီး မရေတွက်နိုင်တဲ့ ကုမ္မဏီတွေ ရှယ်ယာတွေ ပိုင်ဆိုင်မှုတွေက လက်ညိုးထိုးမကုန်နိုင်အောင်များလွန်းတဲ့ မင်းမဟာသွေးကို
အမြင်နဲ့မဆုံးဖြတ်ဘူး ပြန်ပြောနေတဲ့ လက်တောက်လောက်လေးကို
“မင်းကများ!!!”
“ဘာတွေ လာအော်နေတာလဲ ငါ့မြေးကို”
“အဘွား သူ ကျွန်တော့်ကို ပြန်ပြောနေတာ မမြင်ဖူးလား”
“နင်ကရော ငါ့မြေးလေးကို ဘာလို့အော်တုန်း”
“ဒီဟာလေးက အဘွားမြေးဘယ်လိုဖြစ်သွားတာလဲ”
အရှေ့ကနေ သူ့ကို မကြည်သလိုကြည့်နေတဲ့ ကလေးစုတ်လေးကို ဘယ်သူလဲမေးလိုက်တော့
“ငါဖိနပ်ပြတ်လို့ မြေးလေးက ဝယ်လည်းပေးတယ် စီးလည်းပေးတယ် မင်းတောင် အဘွားဘေးနေပြီး ဘာများ လုပ်ပေးလဲ”
“အဘွားကလည်းဗျာ”
“လာမြေးလေး အဘွားနဲ့အိမ်လိုက်ခဲ့”
လက်လေးကို ဆွဲပြီး ခေါ်နေတဲ့ အဘွားကို ကြည့်ပြီး
ရွှန်းရှေ့ကလူ ဘာလို့ အကြင်နာတရားမရှိရတာလဲလို့ တွေးမိတာ အခါခါ
“ဟုတ် အဘွား လိုက်ခဲ့မယ်နော်”
ပထမတော့ ငြင်းမလို့ပေမယ့် အဘွားက စိတ်မကောင်းနေတာမို့ မငြင်းရက်ခဲ့
“မင်းကဘာလို့ လိုက်မှာလဲ ငါ့တို့အိမ်ကို”
“အဘွားခေါ်တယ်လေ အဘွားခေါ်လို့ လိုက်မှာလေ”
“မလိုက်နဲ့”
“လိုက်မှာဘဲ သူ့အိမ်ကျလို့ အဘွားအိမ်ကိုများ”
“မင်း!!”
ဒီလို လက်တောက်လောက်ဘဲ ရှိသေးတဲ့ ကလေးလိုအရွယ်နဲ့ တစ်ခါမှ ရန်မဖြစ်ဖူးပါ အခု ကလေးကျမှ သူ့ကို ကပ်ကပ်လန်ပြန်ပြောနေတာမို့
လူလေးက သေးသေးလေး တစ်ခေါက် ကိုင်
ပေါက်စာဘဲ ရှိတယ် ငါ့ကို မကြောက်မလန့် ပြန်ပြောနေတယ်
“တိတ်စမ်း မင်းမဟာသွေး ငါ့မြေးကို လေသံမာမာနဲ့တောင် မပြောနဲ့”
အဘွားက သူ့ဘက်ပါတာကို ကျေနပ်သွားတဲ့ပုံနဲ့
မဟာကို ပြောင်သလိုလို ရီပြနေတာများကြည့်ပါဦး တကယ် အူယားစရာ……
~~~~~~~~~~~~~~
ရွှန်းတို့ရှေ့မှာ ကားလေးရပ်ပြီး ကားပေါ်ကလူက တံခါးဖွင့်ပေးကာ
Range Rover နောက်ဆုံးပေါ် ကားကြီး ထင်ပါရဲ့ လှလိုက်တာ နက်ပြောင်နေတာများ ကြည့်လို့တောင်မဝ
“တက်လေ မြေးလေး”
“ဟုတ် အဘွား”
“မြေးလေး အိမ်ရောက်ရင် ဘာစားချင်လဲ”
“ရပါတယ် ဘွားရဲ့ သမီးက ဘာနေနေ စားတယ် အစားမရွေးပါဘူး”
“ဟုတ်လား တော်လိုက်တာ မြေးလေးက အခုရော စိတ်ထဲမှာ ဘာစားချင်လဲ”
“အခုလား ကိုလာလေးလေးနဲ့ ကြက်ကြော်လေးစားချင်တာ”
ငါ့အဘွားကိုများ သူ့အဘွားများ ထင်နေလားမသိဘူး လက်မောင်းကို ကားပေါ်ရောက်ထဲက အသားကုန်ဖတ်ထားပြီး ချွဲနေတာများ
ကားနောက်ခန်းကို ခနခန လှန်းကြည့်ပြီး အလိုမကျဖြစ်နေတဲ့ ရှေ့ကလူရဲ့ မျက်နှာကို ရွှန်းတွေ့တာပေါ့
ဟွန့် ကိုယ့်အဘွားကို ဂရုမစိုက် လူမဆန်တဲ့သူကများ….
“ကြားလား မင်းမဟာသွေး မြေးလေးစားချင်တာတွေ”
“ဗျာ”
“ဗျာမနေနဲ့ ခုချက်ချင်း အိမ်တော်ကို ဖုန်းဆက်ထား ငါ့မြေးစားချင်တာတွေ ချက်ချင်းစီစဉ်ခိုင်း”
ပြန်ပြောရင်လည်း အလွန်ဘဲဖြစ်ဦးမယ် ဟိုကောင်မလေးကလည်း အားမနာတမ်း စားမယ့်ပုံ အဘွားကို လည်း စိတ်အလိုလိုက်ချင်တာမို့
“ဟုတ်ကဲ့ ပြောလိုက်မယ်”
~~~~~~~~~~~~
“တီ….တီ”
ကားဟွန်းတီးလိုက်တော့ ပွင့်လာတဲ့ တံခါးကြီးက နန်းတော်တံခါးချပ်ကြီးလိုပင် ခြံရှေ့မုဒ်မှာလည်း မဟာစံအိမ်တဲ့
ကားလေးက တစ်ဖြေးဖြေး ခြံဝန်းထဲကို မောင်းလာတော့ အံ့ဩမှုတွေ အပြည့်က အတိုင်းသား
ကျယ်ဝန်ပြီး စိမ်းစိုလှတဲ့ ပန်းပင်တွေ ပန်းပင်တွေကို ပြုစုနေတဲ့ ဝန်ထမ်းတွေကလည်း နေရာတိုင်းလိုပင်
ကားကမောင်းလာပေမယ့် အိမ်ကိုမရောက်သေး ခြံလမ်းထဲဘဲ ရှိသေးတယ်ထင်ပါရဲ့
ဟောမကြာပါဘူး ရောက်ချလာတဲ့ အိမ်ကြီးက ခမ်းနားလိုက်တာ ခမ်းနားလိုက်တာလို့ အကြမ်ကြမ်ရွတ်မိတုန်း
“မြေးလေးဆင်း”
“သခင်မကြီး ပြန်ရောက်ပြီလားရှင့်”
အသံနဲ့တူတူ တူညီဝတ်စုံလေးတွေ ဝတ်ထားကြတဲ့ အမျိုးသမီးကြီး တစ်ဦး ရှေ့ကလျှောက်လာတဲ့နောက်မှာ ကောင်မလေးတွေ ၁၀ယောက်ထက်မနည်း
များလိုက်တာ ဝန်ထမ်းတွေဘဲ ထင်ပါရဲ့ ဒီအိမ်ကလူတွေ ခမ်းနားမှုကို ဘိုးကို အိမ်ရောက်ရင် မေးရဦးမယ်
“မြေးလေးလာ”
“ဟုတ် ဘွား”
“စားစရာတွေ ရပါပြီ သခင်မကြီး”
“မြေးရှေ့ကို ချပေးလိုက်”
“နင်တို့ သခင်လေးကို ခေါ်ခဲ့”
“ဟုတ်ကဲ့”
ကားပေါ်ကဆင်းပြီးထဲက အပေါ်ကို တန်းတက်သွားတဲ့သူကို အမှာတော်ပါးပြီး ခေါ်ခိုင်းရသည်။
အခန်းမှတ်ချက်များ (0)