Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၁၅)

ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး

မနက်လင်းထဲက အိပ်ပုတ်လေးပိုးကတော့ မထသေးပေမယ့် သူ့ချွေးမ သတင်းကြားတဲ့ မေမေကတော့ ၅နာရီတည်းက ဂုဏ်ဆီ ဖုန်းဆက်ပြီး ဂရုစိုက်ဖို့ မနားတမ်းကို မှာနေတာ

“သား သမီးကို အပြင်ခေါ်ပြီး မုန့်လေးဘာလေးကျွေးဦး”

“သား သိပါတယ် မေမေရယ်”

“သိပါတယ် လုပ်မနေနဲ့ ကလေးက အစားသိပ်မစားဘူး”

“ဟင် ခါတိုင်းဆို စားပါတယ်”

မေမေ စကားကြောင့် ဂုဏ်တွေးရခက်သွားတာပင်

ခါတိုင်းဆို ထမင်းစားလိုက် မုန့်စားလိုက် တစ်မျိုးမဟုတ် တစ်မျိုး ပါးစပ်လှုပ်နေတဲ့ သူလေးက မစားဘူးဆိုလို့

“မင်း မရှိလို့နေမှာပေါ့ ချော့မော့ပြီး စားအောင်ကျွေးကြားလား”

“ဟုတ်ကဲ့”

“ပြီးတော့ မင်းအသက် ၃၀ကျော်ရင် ကလေးမွေးမရတော့ဘူးနော်”

“ဟာ ၃၀ကျော် ကလေးမမွေးရအောင် သားက မိန်းမမှမဟုတ်တာ ယောကျာ်းဆိုတာ အိုတယ်ရှိလို့လား”

“ငါ့ကို မေးခွန်း ပြန်မမေးနဲ့ စောစောမွေးခိုင်းနေတာ ဘယ်နှတော် ခုချိန်ဆို ကိုယ်ဝန်ရသင့်နေပြီ ခုက ဘာသတင်းကောင်းမှကို မကြားရဘူး”

“စောပါတယ် မေမေရယ်”

“ဘာကို စောတာလဲ ငါပြောမယ် ဂုဏ်မာန်ထွဠ်ခေါင် မင်း နောက်သုံးလေးလနေလို့မှ ကလေးမရရင် ငါ့အစိုးမဆိုနဲ့နော်”

“မေမေကလည်းဗျာ ဒါပဲ မေမေချွေးမ နိုးနေပြီ”

ဆက်ပြောနေလည်း မေမေရဲ့ အမိန့်ပေးသံတွေကြည့်ကြားနေရမှာမို့ ပိုး ကို အကြောင်းပြကာ ဖုန်းချလိုက်ရသည်။

အပြစ်ကင်းစွာ အိပ်နေတဲ့ ကလေးလေးကို နှဖူးလေးကို ပါးလေးနဲ့ကပ်ပြီး

“နဲနဲဘဲ ဖျားတော့တာ”

အဖျားအနည်းငယ်ဘဲ ရှိတော့ပေမယ့် အစာမာတွေ မစားစေချင်တာကြောင့် ဂုဏ် အန်တီမြနဲ့တူတူ နို့ဆန်ပြုတ် လုပ်နေကြသည်။

“ဦး!!!”

အခန်းထဲက အော်ခေါ်တဲ့အသံလေးကြေားလိုက်တာကြောင့်

“ကလေးနိုးပြီထင်တယ်”

“သား သွားလိုက် အန်တီ မြ စားဖို့ ပြင်ထားလိုက်မယ်”

“ဟုတ်ကဲ့”

လုပ်လက်စလေးတွေ ထားခဲ့ပြီးတာနဲ့ ဂုဏ် သူ့ကလေးဆီသွားပြီး

“နိုးပြီလား”

“ဦးက ဘယ်တွေ သွားနေတာလဲ”

“ဆန်ပြုတ် လုပ်နေတာ ကဲ ထတော့ ပြီးရင် စားရအောင်”

“ဟင့်အင် မထချင်သေးဘူး ဦး လာဦး”

လက်လေးနှစ်ဖက် ဆန့်တန်းပြီး မတ်တပ်ရပ်နေတဲ့ ဂုဏ်ကို ကလေးတစ်ယောက်လို အိပ်ယာထဲကနေ ဂျီကျပြီး ခေါ်နေသလို

“ဦးက မအိပ်တော့ဘူး ပိုးလည်း ထတော့ ၇နာရီကျော်နေပြီ”

“ဟင့် တော်ပီ လာဆိုလာ”

“ထ လိမ္မာတယ်”

“တော်ပြီ ဦးသွားတော့”

“ဟော”

သူပြောတဲ့အတိုင်းမလုပ်ရင် ချက်ချင်းကို စိတ်ကောက်တက်တဲ့ မိန်းကလေးပါ

“လာပြီ ပြော ဘာပြောချင်တာလဲပြော”

“မပြောတော့ဘူး”

“ပြောပါ နားထောင်ချင်လို့”

“တော်ပြီနော်”

ပိုး ခါးလေးကနေ ဆွဲ ဖက်လိုက်တာမို့ တစ်ကိုယ်လုံးက ဦးရင်ခွင်ထဲ ရောက်နေသလို လည်တိုင်နားလေး စကားကပ်ပြောနေတဲ့ ဦးကြောင့်

ရင်ခုန်သံတွေ ပရမ်းပတာ ဖြစ်နေပြန်တဲ့ပိုးလေးက ဖျားနေတဲ့အရှိန်ကြောင့်မို့ရော ချက်ချင်း အပူချိန် ပြန်တက်လာတာမို့

“ပိုး ပြန်ဖျားလာတာလား”

“မဟုတ်ဘူး”

“လာ ထ ဦးချီမယ် မျက်နှာသစ်ရအောင်”

ဒီတစ်ခါတော့ ဂုဏ်လက်ထဲမှာ ငြိမ်ငြိမ်လေးပါသွားတဲ့ ကောင်မလေးက ထမင်းစားဝိုင်းရောက်မှ

“မစားချင်ဘူး ဆန်ပြုတ်ကြီး”

“ဖျားနေတာလေ ပိုးရယ် ဒီနေ့တစ်ရက်ဘဲစား”

“မစားချင်ပါဘူးဆို အဲ့အနံမခံနိုင်ဘူး”

“ဟာ ဆန်ပြုတ်ထဲ ဘာညှီနံမှ ထည့်မထားတာကို ဘာကို မခံနိုင်တာလဲ”

“မစားဘူး”

“ပိုး မရစ်နဲ့ကွာ စား လိမ်မာတယ်”

“ဦးဂုဏ်မာန်ထဠ်ခေါင် ပိုးကို အမိန့်ပေးတဲ့ လေသံနဲ့ လာမပြောပါနဲ့”

“ဟ”

“ပိုးက ဒါစားချင်ရင် စားမယ် မစားချင်ဘူးဆို မစားဘူးလေ ဘာတွေ အတွင်းကျွေးနေတာလဲ”

“မစားလို့ရမလား နေမကောင်းနေတာလေ မင်း အရမ်းဂျစ်နေတာ ပိုး”

“မစားချင်တာကို မစားချင်ဘူးပြောတာ ဦး သာ နားမလည်နေတာ”

ကလေးဆန်လွန်းတဲ့ဇနီးဖြစ်သူနဲ့တစ်စက်လေးမှ စိတ်မရှည်တက်တဲ့ ဗိုလ်ကြီးကို

မနက်အစောကြီးရောက်နေကြတဲ့ ဗိုလ်လောင်းလေးတွေ ကြည့်ပြီး ပြုံးစိစိနဲ့ရယ်ပါ

“မင်းစားမှာလား မစားဘူးလား”

“ဦးဘာလို့ ထပ်ခါထပ်ခါ မေးနေတာလဲ ပိုး အစထဲက မစားဘူး ပြောပြီးသားလေ”

“ရတယ်လေ မင်းဒါစားလို့ နေကောင်းသွားရင်

ငါပိတ်ရက်ကျရင် အပြင်လိုက်ပို့မလို့ အခု စကားနားမထောင်တော့လည်း သဘောဘဲ”

အပြင်အရမ်းသွားချင်နေတဲ့ ပိုး ကတော့ ဆန်ပြုတ်ခွက်လေးကို လက်လေးနဲ့ ထိပြီး

“ဦး တကယ်ပြောနေတာလား”

“ညာဘူးလို့လား”

“သေချာရင် ပြီးတာဘဲ ပိုး လက်တွေ ဇွန်း မကိုင်နိုင်လို့ ဦး ခွံကျွေး”

“အန်တီမြ ကလေးကို ခွံကျွေးလိုက်ပါဦး ကျွန်တော် ဧည့်ခန်း ထဲက ဗိုလ်လေးတွေဆီ သွားမလို့”

“တော်ပီ မစားတော့ဘူး ဦးကျွေးမှ စားမှာ”

“ဘယ်သူကျွေးကျွေး တူတူဘဲလေ”

“ရတယ် အဲ့တာဆိုလည်း မစားတော့ဘူး”

ဂုဏ်တစ်ယောက် အိမ်မှာ မနက်ခင်းလေးတင်ကို ဆူဆူညံ့ညံ့နဲ့ရယ်ပါ

မကျွေးရင်လည်း တစ်မျိုးမဟုတ် တစ်မျိုး ရစ်နေဦးမှာမို့ ဂုဏ် စိတ်တွေ လျော့ကာ စားမယ်ဆို တုန်းလေး ကျွေးရတော့မယ်

“ဟုတ်ပီ ဟုတ်ပီ ကိုယ်ကျွေးမယ် လာ အပြင်လိုက်ခဲ့ အလုပ်လုပ်ရဦးမှာ အလုပ်လုပ်ရင်းကျွေးမယ်”

“ဟုတ်”

ဂုဏ် တစ်ယောက် ဗိုလ်လောင်းလေးတွေနဲ့ ပိုးနဲ့က အသက်ရွယ်တူလေးတွေမို့ ပိုး နေရထိုင်ရ ခက်မယ် ထင်ထားပေမယ့်

သူကိုယ်ဘဲ ကပ်နေတဲ့ ပိုးက ဗိုလ်လေးတွေကို ရှိတယ်လို့တောင် မထင်

ဂုဏ်မှာလည်း ဗိုလ်လောင်းတွေ နားမလည်တဲ့ စာတွေရှင်းပြရင်း တစ်ဖက်ကလည်း ဂျီကျနေတဲ့ ဇနီးလေးကို မုန့်ကျွေးနေရသည်။

“ဦး ရေတိုက်ဦး”

“အင်း”

“ဦး ပါးစပ်တွေ ပေနေပြီ”

“အင်း ကိုယ် တစ်ရှုးယူပေးမယ်”

“ဦး တော်ပြီ”

“နည်းနည်းစားဦး”

ဗိုလ်လေးတွေလည်း ဂုဏ်တို့ ဇနီးမောင်နှံကို ကြည့်ပြီး အချိုတွေ ကျွေးခံရလွန်းလို့ ကလေးတွေလည်း ဝနေကြပြီ

ဂုဏ်မှာ တပည့်တွေနဲ့မို့ ရှက်ချင်ပေမယ့် ဘေးက ငရစ်လေးကြောင့် ရှက်ချိန်ကို မရအောင် အလုပ်ရှုပ်နေသည်။

« ရှေ့အခန်း - အပိုင်း(၁၄) နောက်အခန်း - အပိုင်း(၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ