ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး
ဦးနဲ့ပိုးရဲ့ မင်္ဂလာဦး ညလေးက လှပခဲ့တယ် ဒါပေမယ့်
အချစ်ဆိုတဲ့ အရာတော့ မပါခဲ့ဘူး
ဦးက ပိုးတို့နဲ့ ပထမဆုံး ညမှာတောင် အကာအကွယ်ကို သုံးခဲ့တာ ပိုး နဲ့ တိုက်ရိုက် မထိချင်လို့ ထင်ပါရဲ့ ဦး သွေးသားချင်း ကြားခံမပါဘဲ ထိချင်လာတဲ့ တစ်နေ့ ဦးရူးသွားစေရမယ်
“ဦး ဘာလုပ်နေတာလဲ”
“မနက်စာ လုပ်မလို့လေ”
“ဖယ် ပိုးလုပ်မယ်”
“မင်းက လုပ်တက်လို့လား”
လုပ်ချင်စိတ်သာ ရှိပေမယ့် ဘယ်ကနေ စလုပ်ရမလဲ ပိုး မသိဘူး
ဦးက ယောကျာ်းလေးဆိုပေမယ့် အစီစဉ်တကျကို လုပ်နေတာများ စားဖိုမှုးလိုဘဲ
“ဦး ဒါတွေ လုပ်တာရော သင်ထားတာလားဟင်”
“သင်တာရယ်လို့ မဟုတ်ပါဘူး တစ်ယောက်တည်းနေတော့ တစ်ဖြေးဖြေးနဲ့ တက်သွားတာ”
ဦးလုပ်ထားတဲ့ ပေါင်မုန့်လေးက စားချင်စရာလေးမို့ ပိုး ဟန်မဆောင်နိုင်တော့ဘဲ
“အော် ဟိုလေ ဒါလေး ပိုး မြည်းကြည့်လို့ရလား ဟီး”
ဦးက မျက်ခုံးလေး ပင့်ပြပြီး ခွင့်ပြုလိုက်တာနဲ့ ပေါင်မုန့်လေးကို စားကြည့်တော့
“ဟွန်းးးဦး မိုက် တယ်”
ပါးစပ်ထဲမှာ မုန့်တွေ အပြည့်နဲ့မို့ ပလုတ်ပလောင်းအသံလေးက မပြီတော့
“ဘာကြီး”
“မိုက်တယ်လို့ အဟွတ် ဟွတ် ဟွတ်”
အရှိန်နဲ့ ပြောလိုက်တာကြောင့် သီးသွားတဲ့ ပိုးကို ခေါင်းလေးကိုင်ပြီး ငယ်ထိပ်လေးကို
“နှာ့သီး နှာ့သီး ဖွ ဖွ”
ပိုး စားနေတဲ့ မုန့်တောင် မြိုမချနိုင်တော့ဘဲ ဦးရဲ့လုပ်ရပ်လေးက ပိုးကို ပရိတ်ရည်ဖြန်းပေးလိုက်သလို နွေးကနဲ့မို့
မျက်ဝန်းလှလှလေးနဲ့ မော့ကြည့်လိုက်တော့ အကြည့်ချင်းစုံသွားတဲ့ ဂုဏ်နဲ့ပိုး
“အဟမ်း ငါ ငါ ရေတက်ချိုးလိုက်ဦးမယ်”
ချောင်းတစ်ချက် ဟန့်ပြီး ရှက်သွားတဲ့ဦးက နားလေးတွေကို နီလို့
ဦးစောင့်ကြည့်နေပါ ပိုးက ဦးနှလုံးသားထဲထိ အရောက်လာဦးမှာ
~~~~~~~~~~~~~~~~
ဦးက လက်ထပ်ခွင့် တင်ထားတာမို့ နားရက် အများကြီးရတာနဲ့ ဦးရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေက
အိမ်ကို လာကြတာမို့ လူစုံနေကြကာ
ယောကျာ်းလေးတွေ ကြည့်ဘဲမို့ ပိုး ခနဆင်း နှုတ်ဆက်ပြီးတာနဲ့ အိမ်ပေါ် ပြန်တက်လာလိုက်သည်။
“ဂုဏ် မင်း အသက်၃၀နားမှ ဇနီး ငယ်ငယ်လေးကို ယူနိုင်တာ ဂုဏ်ယူတယ်ကွာ”
“ဟုတ်တယ် ဂုဏ် ငယ်လည်းငယ် ချောလည်းချော မင်း မိန်းမက တကယ်ချစ်စရာလေး”
သူငယ်ချင်းတွေပြောမှ ဂုဏ်မျက်လုံးထဲ မနက်က ပုံရိပ်လေးနဲ့ မင်္ဂလာဦးညက သူ့ဇနီးလေးရဲ့ မွေးရာပါ အလှလေးတွေကို တွေးမိပြီး တစ်ချက်ပြုံးလိုက်တာမို့
“ဂုဏ် မင်း ယွန်းရတနာကို မေ့နိုင်သွားပြီထင်တယ်”
“မမှန်တိုင်းပြောရရင် သူက ငါ့ရဲ့ ဘဝလို ဖြစ်နေခဲ့တာ
အရမ်းချစ်ခဲ့တာ မေ့ဖို့ဆိုတာ ပြောသလောက်မလွယ်ဘူး”
ဂုဏ်အပေါင်းအသင်းတွေထဲ စစ်တက္ကသိုလ်က သူငယ်ချင်းတွေပါသလို အပြင်က သူငယ်ချင်းတွေလည်း ပါပေမယ့်
ဂုဏ်နဲ့ ယွန်းရတနာအကြောင်းကို သူငယ်ချင်းတိုင်း သိကြတဲ့အထိ ဂုဏ်တစ်ယောက် ရတနာကို အကုန်လုံးနဲ့ မိတ်ဆက်ပေးပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ
“မင်းအခု မိန်းမ ရနေပြီ ဂုဏ် မင်းစိတ်က စစ်သားစိတ်ပါ ပြတ်သားမယ်ဆိုတာ ငါတို့ယုံတယ် ပိုးသားငယ်ကလည်း မင်းဇနီးကောင်း ဖြစ်လာမှာပါ”
“အင်း ငါသူ့ကို ဇနီးအဖြစ် ပေါင်းသင်းမှာပါ ဒါပေမယ့် ငါနှလုံးသားကတော့ မရှိတော့ဘူး”
“မင်းပြောချင်တာက မင်း ပိုးကို ချစ်မလာနိုင်ဘူးပေါ့”
“အင်း ငါဘဝမှာ တစ်ယောက်ထဲဘဲ ချစ်မယ် တကယ်လို့ ပိုးသားငယ် ဘက်က လက်မခံနိုင်ရင် ငါတို့ ကွာတာပေါ့”
“ဟ ဟျောင် စစ်သားတွေကွ လွယ်လွယ်ကွာလို့လား”
“နှစ်ဦး သဘောတူဆို ရတယ်လေကွာ”
ပူပူနွေးနွေး မင်္ဂလာဆောင်ထားတဲ့ သတိုးသားက ကွာရှင်းဖို့ အားတက်သရော ပြောနေတာကို နံရံဘေးမှာ ကွယ်နားထောင်နေမိတဲ့ ပိုး
ဦး ကွာချင်လည်း ပိုး ကွာမပေးဘူး မရှိတော့ဘူးပြောတဲ့ ဦးနှလုံးသားကို ရူးသွားအောင် ပိုးလုပ်ပြမယ်
အချိန်အတော်ကြာမှ ဦးသူငယ်ချင်းတွေ ပြန်သွားကြပြီမို့
“ဦး မထနိုင်တော့ဘူးလား”
အောင်ပွဲခံတာလား အသဲကွဲတာလား မသိတဲ့ ဦးက ဘယ်လောက်တောင် သောက်ထားလဲ မသိတော်တော်လေး မူးနေတာ
“အင်း”
“လာ ပိုး လက်ကိုကိုင်”
ပိုး ခါးလေးကို ဖက်ပြီး မတ်တပ်ရပ်လိုက်တဲ့ ဦးက
“ယွန်းရတနာ မင်းကိုယ့်ဆီ ပြန်လာတယ်”
“ဦး သတိထားပါဦး ပိုးပါ”
“ကိုယ် မင်းကို အရမ်းလွမ်းနေတာ သိလား”
အတင်းအကြပ် ဖက်လာတဲ့ ဦး ဆီက ရုန်းကန်နေပေမယ့် အားသန်လွန်တဲ့ ဦးက အလွှတ်မပေး
“ဦး ဖယ် ပိုးပါဆို”
“ကိုယ် ကိုယ်ကို ထားမသွားပါနဲ့ကွာနော် အွန့်”
“အွန့် ဦး ဦး ဖယ်နော် ဦး”
ပိုးမျက်နှာကို ထိန်းထားပြီး အားကုန် နမ်းကာ အာဂတွင်းထဲထိ န-ယ်ချဲ့လွန်းနေတဲ့ ဦး
“အွန်း ဦး သတိထားဦး ပိုးလို့”
“အွန့်”
အခု ဦး ပါးစပ်က ပိုးကို ယွန်းရတနာလို့ မထင်ဘဲ ပိုးလိုမြင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ ဦးရယ်
ဦးအပေါ် ဘာအမှားတွေ လုပ်ခဲ့မိလို့ နှလုံးသားက နာကျင်နေတဲ့ထိ ပေးဆပ်မိနေရတာလဲ ပူနွေးနေတဲ့ မျက်ရည်စီးကြောင်းတွေ အဆက်မပြတ်ကျနေလည်း
“ကိုယ်တို့ ဒီည တူတူနေရအောင်ကွာ”
“အ့ ဦး”
အခန်းမှတ်ချက်များ (0)